သေကြောင်းကြံတဲ့ တော
Posted by naykhayan on Monday, May 21, 2012

ထူးထူးဆန်းဆန်း သတင်းပါဘဲ။ ဂျပန်နိုင်ငံ ဖူဂျီရေခဲတောင်နဲ့ နီးတဲ့ အနောက်မြောက်ဘက်မှာ ကမ္ဘာကျော်တဲ့ တော်အုပ် တစ်ခုရှိပါတယ်။
အဲဒီ တောအုပ်ကိုတော့ သေကြောင်းကြံတဲ့ “တော” လို့ ကမ္ဘာမှာ လူသိများပါတယ်။
ဂျပန်နိုင်ငံမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံချင်သူများဟာ ဒီ တောထဲသို့ လာရောက်ကြပြီး နည်းမျိုးစုံနဲ့ မိမိကိုယ်ကိုယ် သတ်သေကြပါတယ်။
၁၉၉၈ ခုနှစ် မှတ်တမ်းစာရင်းများအရ ၇၃ ဦး၊ ၂၀၀၂ ခုနှစ် မှာ၇၈ ဦး ၂၀၀၃ ခုနှစ်မှာ ၁၀၀ ဦး ၂၀၀၄ ခုနှစ်မှာ ၅၄ ဦး တို့မှာ သေကြောင်းကြံစည်ခဲ့ သူတွေရဲ့ စာရင်းများဖြစ်ပါတယ်။ သမိုင်းအစဉ်အဆက် ကတည်းက ဖြစ်နေတာပါတဲ့။
မရှိဘူး ဆိုရင်တောင် တစ်နှစ်လျှင် အနည်းဆုံး (၃၀) ဦး သေကြောင်း ကြံစည်ခဲ့ပါသတဲ့။ ဒါကြောင့် တော တစ်ဝှိုက်မှာတော့ အစောင့်ရဲများ ချထားရပါ တယ်။ သေကြောင်း မကြံစည်ရန် သတိပေးစာတွေကို ဂျပန်ဘာသာအပြင် အင်္ဂလိပ် လိုပါ ရေးသားထားရပါတယ်တဲ့။
သေကြောင်း ကြံစည်မှုအများဆုံး လ ကတော့ ဂျပန်နိုင်ငံ ရဲ့အခွန်ဆောင် ကာလဖြစ်တဲ့ မတ်လမှာ သေကြောင်းကြံသူ ဦးရေ အမြင့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ဒေသဆိုင်ရာ အစိုးရက ၂၀၀၃ ခုနှစ်မှ စတင် ပြီး သေကြောင်းကြံသူ အရေအတွက်ကို အများသိအောင် ဖော်ပြတာတွေကို ရပ်တန့်စေခဲ့ပါတယ်။
ဂျပန်လူမျိုး အများစုက “ရှင်တို” ဘာသာဝင်တွေ ဖြစ်ကြပါတယ်။
အများစု ယုံကြည်မှုကတော့ တောတောင်ရေမြေမှာ “ခါမိ”ဆိုတဲ့ -နတ်များရဲ့ ၀ိညာဉ်တွေ ကိန်းအောင်နေတယ်လို့ ယူဆနေကြသူတွေဟာ အဲဒီ နေရာမှာ လာရောက် သေကြောင်းကြံ စည်မှုတွေကို လုပ်နေကြတာပါတဲ့။
ဂျပန်တွေက သေကြောင်းကြံစည်မှုတွေ လုပ်တဲ့ အခါမှာတော့ လူပုဂ္ဂိုလ် ကြောင့်မဟုတ်ဘဲ အများစုက “ဂိရိ” လို့ခေါ်တဲ့ လူမှု တာဝန်တွေ ပျက်ကွက်လို့ မိမိကိုယ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ မိမိဟာ အပြစ်ကင်းကြောင်း သန့်ရှင်းကြောင်း သက်သေပြတာ ဖြစ်ပါတယ်လို့လည်း သိရပါတယ်။







Credit To ဧရာဝတီ ဘလော့ဂ်
