နော်ဝေးနိုင်ငံရှိ ကမ်းပေါ်တင်နေသော တန်၂၀ လေးသော ငါးအသေများ
Posted by naykhayan on Friday, June 1, 2012
နော်ဝေးနိုင်ငံရှိ ကမ်းပေါ်တင်နေသော တန်၂၀ လေးသော ငါးအသေများ

Nordreisa ရဲ့ Kvaenes ရဲ့ကမ်းခြေမှာ အခုဆို တန်ပေါင်းများစွာသောငါးတွေဟာ ဘာကြောင့် ဒီလိုမျိုး လာရောက်သေဆုံးနေကြရတာပါလဲ ။ ၂၀၁၂ ခုနှစ် မှာ ကမ္ဘာပျက်မယ်လို့ယုံကြည်ထားကြတဲ့ မာယာ လူမျိုးတွေ ရဲ့ ယုံကြည်မှုတွေဟာ ကမ္ဘာကြီးရဲ့အဆုံးသတ်ကို တကယ်ပဲ ဆောင်ယူပေးခဲ့ပါပြီလား ။ ပုပ်စော် နံဟောင်နေ တဲ့ငါးအသေတွေကြားမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Jan-Petter Jorgensen ဟာ သူ့ရဲ့ခွေးကလေး မော်လီကို ယူဆောင်လို့ ငါးအသေတွေကို လိုက်လံကြည့်ရှုနေပုံဖြစ်ပါတယ် ။ ဘယ်လိုပဲတွေးတွေး ဒီလိုရေသတ္တ၀ါတွေ အစု လိုက်အပြုံလိုက် လာရောက်သေဆုံးနေကြခြင်းဟာ ကမ္ဘာကြီးတွက် ကောင်းတဲ့နိမိတ်တော့မဟုတ်ပါဘူး ။
သူထင်တာကတော့ “ လူတွေဟာ ဒီလိုအလားတူဖြစ်ရပ်မျိုးကိုတော့မြင်ဖူးကြမယ်မထင်ပါဘူး ငါးတွေအ များစု ဟာ အောက်ဆီဂျင်ပြတ်လပ်တဲ့ပတ်ဝန်းကျင်တစ်ခုနဲ့ကြုံတွေ့ရပြီး သေဆုံးကြရတာဖြစ်နိုင်ပါတယ် ပြီးတော့ သူတို့ဟာ ကမ်းစပ်မှာလာရောက်သေဆုံးကြရတာလား ? ”
တခြား ကျွမ်းကျင်ပညာရှင်တွေသုံးသပ်ပြတာကတော့ မြစ်တစ်ခုထဲမှေ၇ချိုတွေဟာ ပင်လယ်အော်ထဲကို စီးဝင်ခဲ့ တဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပြီး မုန်တိုင်းဒါမှမဟုတ် ရေတိမ်ချောက်တစ်ခုခုမှာ ပိတ်မိခဲ့ လို့လည်းဖြစ်နိုင် တယ်လို့ပြောဆိုခဲ့ပါတယ် ။

Jens Christian Holst ဟာ Institute of Marine Research မှ ပညာရှင်တစ်ဦးဖြစ်ပြီး သူကတော့ ငါးတွေဟာ ရောဂါတစ်ခုခုကြောင့်သေဆုံးရတာလားဆိုတာကို အသားစ နမူနာယူပြီး စစ်ဆေးနေ ပါတယ်လို့ ဆိုပါတယ် ။

၂၀၁၂ နှစ်စမှာ နော်ဝေးမှာ ငါးတွေ အစုလိုက်သေဆုံးရခြင်းဟာ ထိတ်လန့်ဖွယ်ရာတစ်ခုတည်းမဟုတ်သေးပါဘူး ။ တနင်္ဂနွေနေ့ တုန်းက ငှက်အကောင် ၂၀၀ ခန့်ဟာ ကောင်းကင်ကနေ ထူးဆန်းစွာ မြေပြင်ကို ထိုး စိုက် သေဆုံးမှုဟာ Arkansas မြို့မှာဖြစ်ပွားခဲ့ပါသေးတယ် ။ ကျွမ်းကျင်သူတွေကတော့ငှက်တွေဟာ မီးခိုးငွေ့ ဒါမှမ ဟုတ် လျှပ်စီးကြောင်းတစ်ခုခုကြောင့် ယခုလို ရုတ်တရက်သေဆုံးရခြင်းဖြစ်တယ်လို့ ခန့်မှန်းပြော ဆိုကြ ပါတယ် ။
Source :http://www.dailymail.co.uk/news/article-2081346/Mystery-20-TONNES-fish-wash-Kvaenes-beach-Norway.html
