Posted by naykhayan on Wednesday, May 23, 2012

အာတိတ်ဒေသ
စူးစမ်းလေ့လာရေးသမား ဘတ်စရီအောက်စလန်း (၄၉နှစ်)သည် သူ၏ဇနီးဟေဂေ
(၃၅နှစ်)နှင့် ကမ္ဘာကြီး၏ မြောက်ဘက်အကျဆုံးနေရာ၌ လက်ထပ်ခဲ့ပြီး
ယင်းကဲ့သို့ပြုလုပ်သည့် ကမ္ဘာ့ပထမဆုံး စုံတွဲဖြစ်လာကြောင့် DMသတင်းဌာနက
မေလ၁ရက်နေ့တွင် ဖော်ပြသည်။ နော်ဝေနိုင်ငံ အော်စလိုမြို့မှ အဆိုပါ စုံတွဲသည်
ကိုယ်ရံတော်များ၊ သတို့သား သတို့သမီးအရံများနှင့် ရဟတ်ယာဉ်မောင်းတစ်ဦး
အပါအဝင်ဧည့်သည် ၁၅ဦးခြံရံကာ ၎င်းတို့၏ လက်ထက်မင်္ဂလာပွဲကို မြောက်ဝင်ရိုးစွန်း
ဒေသ၌ကျင်းပခဲ့ခြင်းဖြစ်သည်။ သတို့သမီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး
ကိုယ်ရံတော်များ ခရစ်ယာန်ဘုန်းတော်ကြီး တို့နှင့်အတူ ဓာတ်ပုံများ
ရိုက်ကူးခဲ့သည်။
@Pyimyanmar