
အိန္ဒိယနိုင်ငံ အမ်မာဘာရက်တီ ဆိုသော ဆာဒူးကြီးမှာ လွန်ခဲ့သည့် ၃၈ နှစ် (၁၉၇၃
ခုနှစ်) ကပင် ၎င်း၏ လက်ယာဘက် လက်အား လေထဲတွင် ၄၅ ဒီဂရီ စောင်း၍
မြှောက်ထားခဲ့ရာ ယနေ့တိုင် ဖြစ်ကြောင်း ပြသ ပြောဆိုခဲ့သည်။ ၎င်းသည် ဇနီး၊
သားသမီးများ၊ နေအိမ်နှင့် အလုပ်အကိုင်များကို အပြီးတိုင်
စွန့်လွှတ်ခဲ့ပြီးနောက် ဟိန္ဒူ ဆာဒူးများ၏ ဘဝကို ခံယူကာ ၃ နှစ်ခန့် လှည့်လည်
သွားလာခဲ့ပြီးနောက် ယခုကဲ့သို့ လက်ယာဘက် လက်အား မြှောက်ကာ ဟိန္ဒူ
နတ်ဘုရားတို့၏ အယူအဆ အရ မြင့်မြတ်သော သူတော်စင် ဘဝကို ခံယူ
ရပ်တည်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ၎င်း၏ လက်ယာဘက်မှာ အရိုးပေါ် အရေတင်
ဖြစ်လျက် လက်သည်းများမှာ ရှည်ထွက် ကောက်ကွေးလျက် ရှိသည်။