ထူးထူးခြားခြား နားရွက် (၄) ခု ရှိတဲ့ ကြောင်လေး လူးနစ်
ရုရှနိုင်ငံ အရှေ့ပိုင်း မြို့တော်တစ်ခုဖြစ်တဲ့ Vladivostok မြို့တော်က ကားပြုပြင်ဆိုင် တစ်ခုမှာ လူးနစ် (Lunit) လို့အမည်ရတဲ့ ၃ လအရွယ် ကြောင်လေး တစ်ကောင်ရှိပါတယ်။ ထူးထူးခြားခြား ကြောင်လေးမှာ မွေးကတည်းက နားရွက် (၄) ခု ရှိနေတာပါပဲ။
ကြောင်လေး လူးနစ် ကို နာမည်ကျော် ရုရှ ကာတွန်းထဲက လကမ္ဘာ့ကနေ ရောက်လာတဲ့ ဂြိုလ်သားလေးရဲ့ အမည်ကိုပေးထားတာပါ။ လူးနစ်မှာ ပုံမှန်နားရွက် ၂ ခုရဲ့ရှေ့မှာ နောက်ထပ် နားရွက် အသေးလေး ၂ ခုပါပြီး အဲဒီ အပိုပါတဲ့ နားရွက်တွေက အသံကြားနိုင်တဲ့ ပြွန်မပါဘူးလို့ သိရပါတယ်။




လူးနစ်က ဒေသတွင်းမှာရှိတဲ့ လူတွေကြား စိတ်ဝင်စားစရာ တစ်ခုဖြစ်လာပြီး ရုပ်မြင်သံကြားကလည်း ကြောင်လေး လူးနစ်အကြောင်းကို ပြသခဲ့ပါတယ်။ လူးနစ်က စူးစမ်းတတ်တဲ့ အလေ့အထ ရှိပြီး သူ့ကို လာရောက်ကြည့်ရှုတဲ့ လူတွေကြား သဘောတကျ ဓါတ်ပုံ အရိုက်ခံလေ့ရှိတယ် လို့ ဆိုပါတယ်။
PatheinCity News | Source:morrisonworldnews
Source : http://patheincity.com/news/index.php/2010/08/four-ears-kitten-lunite/#ixzz1syjs5JEU
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News
