စပိန်နိုင်ငံတွင် ပြီးခဲ့တဲ့လ 31 ရက်နေ့ တွင် စပိန်နိုင်ငံအရှေ့ ပိုင်း town Bunol မြို့တွင် စပိန်နိုင်ငံ၏ ရိုးရာပွဲတော် တစ်ခုဖြစ်တဲ့အစဉ်အလာအရအမြဲနှစ်စဉ်ကျင်းပလာတဲ့ ခရမ်းချဉ်သီးတိုက်ပွဲတော်ကြီးကို ကျင်းပခဲ့ ပါသည်။ တစ်မြို့ လုံးနီးပါး ခရမ်းချဉ်သီးများနှင့် ပြည့်နှက်နေပြီး တစ်ယောက်နှင့်တစ်ယောက် အပြန်အလန်ပေါက်ကာ ပွဲတော်ကြီးကိုပျော်ရွှင်စွာဆင်နွှဲ ခဲံ့ကြပါသည်။ထိုပွဲတော်ကြီးကို Bunol မြို့ တော်တွင် ကျင်းပလာသည်မှာ 1945 ခုနှစ်ကတည်းက စတင်ကျင်းပလာခြင်းဖြစ်ပြီး ယခုဆိုရင်ဖြင့်ထိုပွဲတော်ကြီးသည် စပိန်နိုင်ငံ၏ အထင်ကရပွဲတော် တစ်ခု အနေဖြင့်ကော ရိုးရာ ဓလေ့ပွဲတော်တစ်ခုအနေဖြင့် ရေပန်းစားကာ နှစ်စဉ် August လရောက်တိုင်းအစဉ်အလာမပြတ်ယခုအချိန်ထိကျင်းပခဲ့ ကြပါသည်။ ထိုပွဲတော်ကာလတွင် ကမ္ဘာဒေသအသီးသီးမှ စိတ်ပါဝင်စားသူများ ကလဲဝင်ရောက် ဆင်နွှဲကြပါတယ်လို့ သိရပါသည်။ထို့ နောက်ထိုမြို့ ကလေးသည် ထိုပွဲတော်ရှိခြင်းကြောင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့် တည်းခိုသည့်ကိစ္စများဖြင့် အလုပ်ကောင်းမွန်လျက်ရှိပါသည်။ထိုပွဲတော်ကာလတွင် လူများစွာထို မြို့ တော်လေးသို့ လာရောက်လည်ပတ်ကြပြီး ဧည့်သည်ပေါင်းတစ်သောင်း နီးပါးကတော့ ထိုမြို့ခံတွေနှင့်အတူ ခ၇မ်းချဉ်သီးတိုက်ပွဲကို ပါဝင်ကြပါတယ်လို့သိရပါသည်..။

ခရမ်းးချဉ်သီးများကြားတွင် ရေကူးမျက်မှနလေးတပ် လေးဘက်ယက် ခရမ်းချဉ်သီးးကူးနေသူတစ်ယောက်

ခရမ်းးချဉ်သီးးများကြားတွင် မှောက် နေတဲ့ အမျိုးသမီးတစ်ယောက်သို့ ပေမယ့်ပျော်စရာတော့ကောင်းပါတယ်တဲ့

ခရမ်းချဉ်သီးးတွေ အရည်ပျော်အောင် လုပ်ပီးးပျော်နေကြတဲ့  အမျိုးသားတစ်ယောက်

မြန်မာပြည်က သင်္ကြန်ပုံစံ ခရမ်းချဉ်သီးးအရည်များကို ပတ်ကာ ကခုန်နေကြသူများ

ခရမ်းချဉ်သီးးးများကို ကားနှင့်အပြည့်တင်ဆောင်လာကာ လူအုပ်ကြီးရှေ့ တွင်ခရမ်းချဉ်သီးများကို ဆော့ကစားရန်ချပေးနေစဉ်

ခရမ်းချဉ်သီးများပေကျံနေကာ တိုးဝေ့နေကျသည့်လူများ ကိုကြည့်ရင်အမှတ်တမဲ့ ဆိုရင် လူတွေသတ်နေကြသည့်အလားနော်

ကားပေါ်ကလူကလဲ ခရမ်းချဉ်သီးတွေနဲ့ အကုန်ပစ်ပေါက်နေတော့့တာပဲ အပျော့မို့ အမာဆိုခေါင်းပေါက်မယ်ထင်ပါတယ်
ခရမ်းးးချဉ်သီးး တွေ ချဟေ့ချဟေ့ အပေါ်ကလဲပစ် အောက်ကလဲ ဆော့လိုက် ပစ်လိုက်နဲ့ ကလိုက် ပျော်စရာတကယ်ကောင်းလိုက်တာ
ဟူးးး ဒီလူကတော့ မောနေပြီထင်ပါတယ် ခရမ်းချဉ်သီး တွေပေကျံနေတဲ့ လမ်းပေါ်အိပ်နေပြီ

ကျွှန်တော့် မိတ်ဆွေများလဲ ထိုခရမ်းချဉ်သီး ပွဲတော်လေးကို စပိန်နိုင်ငံရဲ့ Bunol မြို့ တွင် August လ 31 ရက်နေ့ ရောက်တိုင်းကျင်းပလေ့ရှိပါသည်။ သွားရောက်လို့ ကြုံကြိုက်ရင်ဖြင့် ဆင်နွှဲလိုက်ကြပါဦးနော် ။ အရမ်းကိုပျော်စရာကောင်းမှာ ဧကံမလွဲပါပဲ။
အားလုံးကိုအထူးပဲ ကျေးဇူးတင်ပါသည်..။