ဝိဥာဉ်တွေနေတဲ့မြို့ St.Elmo Colorado

သက်တန့် ရွာ မှ.သက်တန့် ချိုရဲ့ ပိုစ့်အား ပြန်လည်မျှဝေပါသည်။
အဲဒီမြို့လေးဟာတချိန်တုန်းက
ဗုန်းတွေအကြဲခံရပြီး မိုင်းတွေ အခွဲခံရတဲ့မြို့ကလေးဖြစ်တယ် ။ ရထား လမ်းတွေ
အားလုံးဟာ Colorado ရဲ့ အလယ်တည့်တည့်ကို ဖြတ်သန်းသွားတယ် ။ ၁၉၂၂ ခုနှစ်မှာ
ရထားလမ်းတွေကို ပိတ်ပစ်လိုက်တဲ့အခါ Colorado St. Elmo ဟာ
ဆိတ်သုဉ်းခြောက်သွေ့ပြီး ကြောက်မက်ဖွယ်ကောင်းခဲ့တယ် ။ စတိုင်း ဆိုင်တွေ
အိမ်တွေ ချာခ်ျ ဘုရားကျောင်းတွေနဲ့ အဆောက်အဦးများစွာ ဟာ လူသူကင်းမဲ့ပြီး
အရင် လူတွေနေခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေခဲ့တယ် ။
ဒါပေမယ့် St.Elmo ဟာ Gunnison National Forest မှာ တည်ရှိပါတယ် ။
မြို့ကလေးမှာ များစွာသော အပျော် ခရီးထွက်တဲ့လမ်းကြောင်းတွေ
ရထားလမ်းပျက်တွေနဲ့ ပိတ်ဆို့နေတဲ့ လူသူအသုံးမပြုတော့တဲ့ လမ်းတွေ အများ
အပြားမြင်တွေ့နိုင်တယ် ။ ကဲ ကျွန်တော်တို့အားလုံး ၀ိဥာဉ်တွေနဲ့
ပြည့်နေတဲ့မြို့ကလေးကို ခရီး ထွက် ကြည့် ကြရအောင် ။




