အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဘန်ဂျယ်လစ်အင်ကာပေတိုး(၂၆ နှစ်)သည် အနောက် ၄၅ လမ်းရှိသူ၏နေအိမ်ဖြစ်သောပေ ၁၀၀ မြင့်သည့် ကိုးထပ်တိုက်ပေါ်မှအောက်သို့ခုန်ချကာ သေကြောင်းကြံခဲ့သော်လည်း အောက်တွင် စုပုံထားသည့် မသိမ်းရသေးသော အမှိုက်အိတ်များပေါ်သို့ ပြုတ်ကျကာ အသက်မသေခဲ့ကြောင်း သိရသည်။ သူ့အား ဘယ်ဗူးဆေးရုံသို့ပို့ခဲ့ရာ သူ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။ အောက်တွင်စုပုံထားသော အမှိုက်အိတ်များသည် ခြောက်ပေအထိ မြင့်သောကြောင့် သူ၏အသက်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။
@ပြည်မြန်မာ ဂျာနယ်