ခေတ်သစ်အံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရန်အတွက် ကမ္ဘာပေါ်တွင်မူလအတိုင်းနီးပါး ကျန်ရှိနေခဲ့သော အထိမ်းအမှတ် အဆောက်အဦးပေါင်း ၂၀၀ အား New Open World Corporation (NOWC) မှဆန်ကာတင်ရွေးချယ်ခဲ့သည်။ အဆိုပါ NOWC မှ New7wonders ဖောင်ဒေးရှင်းအား ၂၀၀၁ ခုနှစ်တွင်တည်ထောင်၍ ခေတ်သစ်အံ့ဖွယ်ခုနစ်ပါးမှတ်တမ်း အားကမ္ဘာ့ပြည်သူများအား မဲပေးရွေးချယ်စေခဲ့သည်။ မဲပေးသောစနစ်အား အင်တာနက်၊တယ်လီဖုန်းလိုင်များမှတဆင့် မဲပေးသောစနစ်ကိုကျင့်သုံးခဲ့ရာ သန်းပေါင်းရာနှင့်ချီသော လူများမှမဲပေးခဲ့သည်။ ရွေးချယ်ထားသောအထိမ်းအမှတ် ၂၀၀ မှနောက်ဆုံးဆန်ကာတင် ၂၁ ခုအား ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။ ပေါ်တူဂီနိုင်ငံ၊လစ္စဘွန်းမြို့ရှိ ဘင်ဖီကာ အားကစားကွင်း တွင် နောက်ဆုံးရွေးချယ်ခဲ့သော အံ့ဖွယ်ခုနစ်ပါးအား အခမ်းအနားဖြင့်ကြေငြာခဲ့သည်။ ကမ္ဘာ့ပြည်သူအများစု၏ ဆန္ဒဖြင့် ရွေးချယ်ခဲ့သော ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ခရစ်တော်၏ ရုပ်တုကြီး (Christ the Redeemer)
  2. မဟာရံတံတိုင်းကြီး (Great wall of China)
  3. ကိုလိုစီယမ် (Colosseum in Rome)
  4. ပီထရာမြို့ဟောင်း (Jordan's ancient city of Petra)
  5. တပ်(ခ်ျ)မဟာ (India's Taj Mahal)
  6. အင်ကာမြို့ဟောင်း မာချူပီချူး (The Inca ruins of Machu Picchu of Peru)
  7. မာယာမြို့တော်ဟောင်း ( The ancient Maya city of Chichén Itzá in Mexico)

သမိုင်းကြောင်းအကျဉ်း


ခရစ်တော်၏ ရုပ်တုကြီး (Christ the Redeemer)

အမြင့်ပေပေါင်း ၁၀၅ ပေရှိသော ခရစ်တော်၏ ရုပ်တုကြီးသည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို(Rio de Janerio) မြို့တွင် တည်ရှိသည်။ 

 


 

မဟာရံတံတိုင်းကြီး (Great wall of China)

လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများအနက် မဟာရံတံတိုင်းကြီးသည် အရှည်လျားဆုံးဖြစ်သည်။ ဘီစီ ၅ ရာစုခန့်မှ အေဒီ ၁၆ ရာစုအထိ အဆင့်ဆင့် ပြုပြင်တည်ဆောက်ခဲ့သော မဟာရံတံတိုင်းကြီးသည် တရုတ်ပြည် မြောက်ပိုင်းတွင်တည်ရှိပြီး မွန်ဂိုကဲ့သို့သော ပြည်ပကျူးကျော်ရန်များမှ ကာကွယ်ရန်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ တံတိုင်းကြီး၏ ထင်ရှားသော အစိတ်အပိုင်းအား တည်ဆောက်ခဲ့သူမှာ ဘီစီ၂၀၀ ခန့်မှ ဧကရာဇ် ရှီဟွမ်တီ (Shi Huang Di) ဖြစ်သည်။

 

ကိုလိုစီယမ် (Colosseum in Rome)

ကိုလိုစီယမ်သည် ဥရောပမှ နောက်ဆုံးဆန်ကာတင်အဖြစ်ရွေးချယ်ထားသော အီတလီပြည်ရောမမြို့ရှိအားကစားကွင်းကြီး ဖြစ်သည်။ ပရိတ်သတ်ပေါင်း ငါးသောင်းကျော် ဆန့်သော ထိုအားကစားကွင်းတွင် ဂလက်ဒီယေတာ (Gladiators)များ၏ တိုက်ခိုက်ပွဲများ၊ တိရစ္ဆာန်များနှင့် လူများ တိုက်ခိုက်ပွဲများအစရှိသည့် ရက်စက်သောအားကစားပွဲများ ကျင်းပခဲ့သည်။ ဧကရာဇ် ဗက်စပါစီယန်(Vespasian) မှ အေဒီ ၇၀ ၀န်းကျင်တွင်တည်ဆောက်ခဲ့သော ထိုအားကစားကွင်း၏ ဒီဇိုင်းမှာ ယခုခေတ်အားကစားကွင်းများ၏ အတုယူစရာဖြစ်ခဲ့သည်။

 

ပီထရာမြို့ဟောင်း (Jordan's ancient city of Petra)

ယခုလက်ရှိ ဂျော်ဒန်နိုင်ငံတွင်တည်ရှိသော ပီထရာမြို့ဟောင်းမှာ အာရေဗီယံသဲကန္တာရ အစွန်းတွင်တည်ရှိပြီး နာဘေတီယန်(Nabataean) နိုင်ငံတော်၏ ဘုရင်အာရီတတ်(စ)(Aretas) (ဘီစီ၉-အေဒီ၄၀) လက်ထပ်တွင် အဓိက မြို့တော်ဖြစ်ခဲ့သည်။ မူလက ပီထရာမြို့ဟောင်းကို အနောက်နိုင်ငံများမှ မသိရှိကြပဲ ဆွစ်ရှာဖွေလေ့လာသူJohann Ludwig Burckhardt က ၁၈၁၂ ခုနစ် တွင်တွေ့ရှိရာမှ လူသိများလာသည်။ ပီထရာမြို့ဟောင်းထင်ရှားရခြင်းမှာ ၁၃၂ ပေမြင့်သော အနီရောင်ကျောက်ထွင်းဘုရားကျောင်းနှင့်တကွ လှပသော ကျောက်တုံး အဆောက်အဦးများကြောင့်ဖြစ်သည်။ ထိုမြို့တော်ဟောင်းတွင် ဥမင်များ၊ ရေချိုးခန်းများနှင့်တကွ လူလေးထောင်ခန့် ဆန့်သော လူထုစည်းဝေးရာခန်းမတစ်ခုရှိသည်။

 

တပ်(ခ်ျ)မဟာ (India's Taj Mahal)

အိန္ဒိယနိုင်ငံ အာဂရ(Agra) ပြည်နယ်ရှိ တပ်(ခ်ျ)မဟာ ဂူင်္သချိုင်းမှာ မူဆလင်ဧကရာဇ် ရှားလ်ဂျဟန်(Shah Jahan) မှ သူ၏သစ္စာရှိသော နောက်ဆုံးမိဖုရား မမ်တက်(ဇ)မာဟဲ (Mumtaz mahal) အား သတိရသောအားဖြင့်တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများအား ၁၆၃၂ တွင်စတင်ပြီး ၁၅ နှစ်မျှအချိန်ယူတည်ဆောက်ခဲ့ရသည်။ တန်ဖိုးကြီးမား သော စကျင်ကျောက်များဖြင့်တည်ဆောက်ထားသော စက်လုံးပုံ င်္သချိုင်းဂူကြီးတွင် လှပသောဥယျာဉ်များ၊ မူဆလင်အနုပညာများ ပါဝင်ပြီး၊ ၁၃ထပ်ကျော်မျှမြင့်သော ဗလီမျှော်စင် လေးခုပါဝင်သည်။ တပ်(ခ်ျ)မဟာတည်ဆောက်ပြီး မကြာခင်တွင် ဘုရင်ရှားလ်ဂျဟန်မှာ သားတစ်ယောက်၏ အကျဉ်းချထားခြင်းကို ခံခဲ့ရသည်။ အိမ်နိမ့်စံဘဝတွင် နေထိုင်စဉ်ကာလတစ်လျှောက်လုံး တပ်(ခ်ျ)မဟာ အားပြတင်းပေါက်မှ ကြည့်၍ အချိန်ကုန်လွန်စေခဲ့ကြောင်း အချို့ရာဇဝင်များတွင် ဖေါ်ပြထားသည်။

 

အင်ကာမြို့ဟောင်း မာချူပီချူး (The Inca ruins of Machu Picchu of Peru)

မာချူပီချူး သည် တောင်အမေရိကတိုက် ပီရူးနိုင်ငံတွင်တည်ရှိပြီး ရှေးဟောင်းအင်ကာယဉ်ကျေးမူ့တွင် လူသိများသော မြို့ဟောင်းတစ်ခုဖြစ်သည်။ အေဒီ ၁၅၀၀ တွင် စပိန်စစ်တပ်များ၏ ၀င်ရောက်ကျူးကျော်မူ့ကြောင့် ပျက်စီးခဲ့ရသည်။

 

 

မာယာမြို့တော်ဟောင်း ( The ancient Maya city of Chichén Itzá in Mexico)

အေဒီ၇၅၀ မှ ၁၂၀၀ အတွင်းတည်ရှိခဲ့သော Chichén Itzá မြို့သည် ရှေးဟောင်းမာယာ ယဉ်ကျေးမူ့တွင် ဘာသာရေး နှင့်နိုင်ငံရေးအရ အဓိကထင်ရှားသော ဂူပုထိုးမြို့ဖြစ်ခဲ့သည်။ မြို့တော်၏အလယ်ဗဟိုတွင် Kukylkan ပိရမစ်ရှိပြီး အမြင့်ပေပေါင်း ၇၉ ပေမြင့်သည်။ ဘေးပတ်လည်လေးမျက်နှာတွင် မျက်နှာပြင်တစ်ခု၌ လှေကားထစ်ပေါင်း ၉၁ ခုစီပါဝင်ပြီး စုစုပေါင်းအပေါ်ဆုံးတစ်ထစ်အပါအ၀င် လှေကားထစ်ပေါင်း ၃၆၅ ထစ်ပါဝင်သောကြောင့် လှေကားထစ်များသည် နှစ်တစ်နှစ်တွင်ပါဝင်သော ရက်များအားကိုယ်စားပြုသည်ဟုဆိုကြသည်