ယူဂန္ဓာနိုင်ငံ ကီဘာလီ အမျိုးသားဘေးမဲ့ တောအတွင်းတွင် လျှို့ဝှက်တပ် ဆင်ထားသော အနီအောက်ရောင်ခြည် ကင်မရာက ကမ္ဘာပေါ်တွင် အလွန်ရှား ပါး၍တွေ့ရခဲသောအာဖရိကရွှေရောင်ကြောင်ကိုဓါတ်ပုံရိုက်ယူနိုင်ခဲ့သည်။ ၎င်း ကြောင်သည် သာမန်အလတ်စားအရွယ်ကြောင်မျိုးဖြစ်၍အလျားသည် ၈၀ စင် တီမီတာခန့်ရှိသည်။ အနောက်အာဖရိကဒေသနှင့် အလယ်ပိုင်းအာဖရိကဒေသ တောများထဲတွင်နေထိုင်ကျက်စားလေ့ရှိသည်။၎င်းသည်သက်တမ်းတလျှောက် တွင် အရောင် ပြောင်းလဲခြင်းများ ရှိသည်။ ယခုတွေ့ရသော ကြောင်၏ အမွေး သည် အနက်ရောင်ဖြစ်သည်။ အခြားသော တိရစ္ဆာန်အသီးသီးအတွက်လေ့လာ မှုများ ပြုလုပ်ခဲ့ကြသော်လည်း အာဖရိက ရွှေရောင်ကြောင်အားကွင်းဆင်းလေ့ လာမှု ပြုလုပ်ထားခြင်း မရှိပေ။


.နေခရမ်း
B7844954863C785ACEBAC345C407964B.png image by naykhayan