- နို့တိုက်သတ္တ၀ါ၏သွေးသည် အနီရောင်၊ ပိုးမွှား၏သွေးသည် အ၀ါရောင်၊ ပုဇွန်တုပ်၏သွေးသည် အပြာရောင် အသီး သီးဖြစ်ကြသည်။

- ကျယ်လောင်ပြီး မြန်ဆောင်သောဂီတသံသည် ခြကောင်များအား အစားအစာကို ပိုမိုလျင်မြန်စွာဝါးစားစေသည်။

- ဝေလငါးအပြာ၏လျှာသည် ဆင်ကြီးတစ်ကောင်ထက် ပို၍ လေးသည်။

- လင်းနို့များ ဂူထဲမှ အပြင်သို့ထွက်လျှင် ၀ဲဘက်သို့ ပျံသန်းတက်ကြသည်။

- ကျားများ၏သားမွေးများသည် အစင်းကျားများဖြစ်ရုံသာမက အရေခွံပါ အစင်းကျားများ ဖြစ်သည်။

- သစ်ကုလားအုတ်၏ နှလုံးသည် (၂၅) ပေါင် ကျော်လေးပြီး အကျယ် နှစ်ပေရှိသည်။

- ဆင်များသည် ကြွက် ကိုမကြောက်ပါ။

- ကန္တာရအတွင်းရှိ သဲမှုန်များမှ ကာကွယ်ရန် ကုလားအုတ်များတွင် မျက်ခွံသုံးထပ်စီရှိကြသည်။

- ပတ်ကျိတွင် နှာခေါင်းပေါက်လေးခုရှိသည်။
      နေခရမ်း