ထူးဆန်းထွေလာသတင်းများ..(၄)
Posted by naykhayan on Thursday, February 23, 2012
သူငယ်ချင်းတို့ ကို အင်တာနက်မှာတွေ့ ရတဲ့ ထူးခြားတဲ့ သတင်းလေးတွေ နဲ့ 
မိတ်ဆက်လိုက်ပါတယ်။သိပြီးတာဆိုရင် တောင်းပန်တယ်နော်...
မြစ်ပေါ်မှမြစ်
ဓာတ်ပုံမှာမြင်တွေ့နေရတဲ့ ရေပေါ်မှ ရေတံတားဟာ ဂျာမနီနိုင်ငံမှာ တည်ရှိပြီး Water Bridge လို့အမည်ပေးထားပါတယ်။ ယင်းတံတားကို တည်ဆောက်ရန် ခြောက်နှစ်ကြာပြီး ယူရိုငွေ သန်း ၅၀၀ ကုန်ကျပါတယ်။
တံတားအောက်က မြစ်ကြောင်းလည်း အသွားအလာရှိသလို တံတားပေါ်က မြစ်ကြောင်းမှာလည်း သင်္ဘောများ နေ့စဉ်သွားလာလျက်ရှိပါတယ်။ ယင်းကဲ့သို့ တည်ဆောက်နိုင်ခဲ့တဲ့ ဂျာမနီ အင်ဂျင်နေယာတွေကို ကမ္ဘာတစ်လွှားမှ ပညာရှင်များက လေးစားချီးကျူးခဲ့ပါတယ်။
အရှည်အားဖြင့် ၉၁၈ မီတာအရှည်ရှိတဲ့ ယင်းတံတားဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး မြစ်ပေါ်မှာ ဖြတ်ဆောက်ထားတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။
Ref:Worldweirdo

.....................................................................................................................................................................
ရေတံခွန်အောက်မှ စားသောက်ဆိုင်
စီးဆင်းနေတဲ့ ရေတံခွန်ရဲ့ အောက်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် အမှန်တကယ် ရှိပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ကျူဇွန်ပြည်နယ် ရှိ Villa Escudero အမည်ရယင်းစားသောက်ဆိုင်ဟာ ရေတံခွန်အောက်တည့်တည့်မှာ တည်ဆောက်ထားပါတယ်။
ရရှိနိုင်တဲ့အစားအစားတွေကတော့ ဘူဖေး နဲ့ Dinner အစားအစာများ ဖြစ်ပြီး လာရောက် စားသောက်သူများ အင်မတန်များပြားပါတယ်။ စီးဆင်းနေတဲ့ရေဟာ ခြေထောက်ပေါ်ကို ဖြတ်စီးစေပြီး ရေတံခွန်အပန်းဖြေစခန်းတွေမှာ အပန်းဖြေနေတဲ့ အရသာမျိုးကို ခံစားရမှဖြစ်ပါတယ်။ ဒါကြောင့်အားလပ်ရက်မှာ လာရောက်စားသောက်သူတွေ များပြားတယ်လို့ သိရပါတယ်။

....................................................................................................................................
ကမ္ဘာ့အကြီးဆုံး ရေလွှာချောစီးစင် (WORLD'S BIGGEST WATER SLIDE)
ဘရာဇီးနိုင်ငံ
အရှေ့မြောက်ပိုင်း၊ ဖော်တာလီဇာ (Fortaleza) မြို့ရှိ Beach Park အတွင်းမှ
ရေလွှာချောစီးစင် တစ်ခုသည် ကမ္ဘာ့အကြီးဆုံး ရေလွှာချောစီးစင် အဖြစ်
ဂင်းနစ်စံချိန် တင်ထားသည်။
ယင်းရေလွှာချောစီးစင်၏ အမြင့်မှာ မီတာ ၄၀ ရှိကြောင်း သိရသည်။
Ref:Worldweirdo