ထူးဆန်းထွေလာသတင်းများ..(၃)
February 17, 2012လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့
ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက်ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။ လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်းညွှန်ပေးရပါတယ် ။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။ ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက်တိုင်အောင်ရှိနေဆဲပါပဲ ။
မွေးထားတဲ့ ခွေးသေသွားလို့ သေကြောင်းကြံပြီး အဆုံးစီရင်သူ
တောင်ကိုရီးယားနိုင်ငံ Busanမြို့တောင်ပိုင်းရှိ သူမအိမ်တွင် မွေးထားတဲ့ခွေး သေဆုံးသွားခဲ့တဲ့အတွက် ပူဆွေးသောက ရောက်နေသော အသက်(၂၅)နှစ်အရွယ် အမျိုးသမီးဟာ ရေချိုးခန်းထဲတွင် ကျောက်မီးသွေးလောင်စာခဲတွေကို မီးရှို့ပြီး မိမိကိုယ်ကို သေကြောင်းကြံ၍ တနင်္လာနေ့က အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
သူမက သူမအား သူ၏ခွေးနှင့် အတူမြှုပ်နှံပေးပါရန် တောင်းဆိုထားသည့် စာတစ်စောင်ကို ချန်ထားရစ်ခဲ့ကြောင်း အင်္ဂါနေ့တွင် ရဲကပြန်ပြောပြသည်။
လွန်ခဲ့သော လေးနှစ်ကတည်း ယင်းခွေးအား ပိုင်ဆိုင်ခဲ့သော သူမဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက သူမ၏အလုပ်သို့ အလုပ်မဆင်းတော့တာဖြစ်ကြောင်း သိရသည်။
ပြတင်းပေါက်တွေနဲ့ တံခါးကို တိပ်တွေနဲ့ပိတ်ထားခဲ့တဲ့ သူမ၏ရေချိုးခန်းထဲတွင် သူမ၏ခွေးကို ပွေ့ဖက်ဖမ်းဆုပ်ထားလျက် အနေအထားနဲ့ သူမအလောင်းကို သူမ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးက တွေ့ခဲ့တာဖြစ်ကြောင်း သိရသည်။
............................................................................................................
နှလုံးမရှိပဲ ၁၁၈ ရက်ကြာ နေထိုင်ခဲ့သော အံ့ဖွယ်အမျိုးသမီး
တောင်ကာရိုလိုင်းနားပြည်နယ်မှ D'zhana
Simmons ဆိုသူအမျိုးသမီးဟာ သဘာဝါတိုင်း လမ်းလျှောက်ခြင်း
စကားပြောခြင်းတွေပြုလုပ်နေပါတယ် ။ ဆေးပညာအရတော့ အံ့ဖွယ် ထူးဆန်းတဲ့
ဖြစ်ရပ်ဖြစ်ပါတယ် ။ ရဲရင့်တဲ့ ဆယ်ကျော် သက်လေးဟာ လေးလ ခန့် ခုန်စရာ
နှလုံးမရှိပဲ နဲ့ နေထိုင်ခဲ့တယ် ။ သူမဟာ ပျက်ဆီးနေတဲ့ နှလုံးကို
အလုပ်လုပ်တဲ့ နှလုံးအသစ်နဲ့ လဲလှယ်ဖို့
စောင့်ဆိုင်းနေသူတစ်ဦးလည်းဖြစ်ပါတယ် ။

Simmons ဟာ နှလုံးကြွက်သားတွေ ဖောင်းပြီးကြီးမားတဲ့
ရောဂါတစ်မျိုးဖြစ်တဲ့ Dilated Cardiomyopathy ကိုခံစားနေရသူဖြစ်ပါတယ် ။
ဆိုလိုတဲ့သဘောကတော့ သူမ နှလုံးဟာ အားနည်းလာပြီး သွေးတွေကို ညှစ်မ
ထုတ်နိုင်တော့ပါဘူး ။ Miami Holtz ကလေးဆေးရုံမှ ခွဲစိတ်ဆရာဝန်တွေက ၂၀၀၈
ခုနှစ် ဇူလိုင် ၂ ရက်နေ့ တုန်းက ပထမအစ ခွဲစိတ်လဲလှယ်တဲ့ transplant
ကိုပြုလုပ်ခဲ့ပါတယ် ။ ဒါပေမယ့် နှလုံးက သိပ်မကောင်းသေး ပါဘူး ။
ချက်ချင်းပြန်ထုတ်ပစ်ဖို့ လိုလာခဲ့တယ် ။

အဲဒီအချိန်လေးအတွင်းမှာ D'zhana ဟာ လူလုပ်ထားတဲ့ သွေးညှစ်စက် Artificial blood-pumping ကို သုံးပြီး အသက် ရှင်နေခဲ့ရတယ် ။

“ သူမဟာ နှလုံးမရှိပဲ ၁၁၈ ရက်တိုင် အသက်ရှင်နေထိုင်ခဲ့တဲ့ အံ့ဖွယ်
လူသားဖြစ်ပါတယ် သူမရဲ့ သွေး လည်ပတ်မှုကို သွေးညှစ်စက် နှစ်လုံးထဲနဲ့
ထောက်ပံ့ပေးထားခဲ့တာပါ ” လို့ ကလေးနှလုံးခွဲစိတ်ဆရာဝန် Dr.Ricci က
ပြောခဲ့ပါတယ် ။
မူရင်း - Teen Survives 118 Days Without A Heart

D’zhana Simmons of South Carolina is literally a walking, talking,
medical miracle. The brave teenager lived for about four months without a
heart, as she awaited a new, functional heart to replace the damaged
one. Simmons suffered from dilated cardiomyopathy (DCM), meaning her
weak and enlarged heart wasn’t pumping blood efficiently. The surgeons
from the Miami Holtz Children’s Hospital performed an initial transplant
on July 2, 2008, but the heart malfunctioned and had to be quickly
removed. Meanwhile, D’zhana was kept alive by a custom-built artificial
blood-pumping device. “She essentially lived for 118 days without a
heart, with her circulation supported only by two blood pumps,” said Dr.
Ricci, Director of Pediatric Cardiac Surgery.
Posted by naykhayan.
