• သိပ္ပံပညာရှင်များ ဗုဒ္ဓ၏ စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း...
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း

နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ

သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက

ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ
 .ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့

အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ


မှတ်ချက် =မြန်မာ အင်ဂျင်နီယာ ဖိုရမ် မှ ကူးယူတင်ပြချင်းဖြစ်ပါကြောင်းဝန်ခံ အပ်ပါသည်။

..............................................................................................................................................................................
  • ကလေးသုံးယောက်မွေးသောယောက်ျား

ကလေးသုံးယောက်အထိ မွေးခဲ့သော ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင် အမျိုးသား၏ နောက်ဆုံး ကလေးမွေးဖွား အပြီး တစ်နှစ်အကြာ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

အရီဇိုးနား ပြည်နယ်တွင် ဇနီးဖြစ်သူ နန်စီနှင့်အတူ နေထိုင်လျက် ရှိသော သောမတ်စ်ဘီတီ၏ ရင်သွေးယူသည့် သတင်းသည် ကမ္ဘာတစ်ဝန်း အထူး ထင်ရှားခဲ့သည်။

အသက် ၃၇ နှစ် ရှိပြီဖြစ်သော ဘီတီသည် ကလေးမွေးပြီးနောက် တက်စ်တိုရုန်းဆေးများ ပြန်လည် သုံးစွဲခြင်းဖြင့် ယောက်ျားဆန်သော အသွင်အပြင် အပြည့် ပြန်ဖြစ်လာသည်ကို ပုံတွင်တွေ့ရသည်။

ဘီတီသည် ဟာဝိုင်ယီကျွန်းတွင် မွေးဖွားစဉ်က မိန်းကလေး တစ်ယောက် အနေဖြင့် မွေးလာခဲ့ခြင်း ဖြစ်သော်လည်း ယောက်ျားလေး ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ အသက် ၂၀ ၀န်းကျင်မှစပြီး တက်စတိုရုန်းဆေးများ ထိုးခြင်းဖြင့် မျက်နှာတွင် အမွေးအမှင်များ ပေါက်လာခဲ့ကာ အသံ ပြောင်းလာခဲ့ပြီး လိင်အင်္ဂါ ပြောင်းလဲမှုကိုလည်း လုပ်ဆောင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ရင်သား ဖယ်ရှားခဲ့ပြီးနောက် အမျိုးသားတစ်ယောက် အဖြစ် တရားဝင် အသိအမှတ်ပြု ခံခဲ့ရသည်။ သို့ရာတွင် မိန်းမအင်္ဂါ၊ သားအိမ်နှင့် အခြား မျိုးပွားအင်္ဂါများကို ဖယ်ရှားမပစ်ဘဲ ထားရှိခဲ့သည်ဟု ဆိုသည်။ ဇနီးဖြစ်သူ နန်စီမှာ သားအိမ်ထုတ်ထားရသူ ဖြစ်သည်။



ကိုယ်ဝန်ဆောင်ရန် ဆန္ဒရှိလာသော အခါ တက်စတိုရုန်း သုံးစွဲမှုကို ရပ်တန့်ထားခဲ့ရသည်ဟု ဆိုသည်။ အလှူရှင်တစ်ဦးထံမှ သုက်ပိုးကိုယူကာ မျိုးအောင်စေရန် ကြိုးပမ်းခဲ့သော်လည်း သားအိမ်ပြင်ပတွင် သန္ဓေတည်ခဲ့ခြင်းကြောင့် အရေးပေါ် ခွဲစိတ်ကုသခဲ့ရသေးသည်။ ၂၀၀၇ ခုနှစ် နှောင်းပိုင်းတွင်မှ ပထမဆုံး ရင်သွေးကို သန္ဓေ အောင်မြင်စွာ ဆောင်နိုင်ခဲ့သည်။ နောက် ကလေးနှစ်ဦးကိုလည်း ဆက်တိုက်မွေးခဲ့သည်။