၇၈ ပေမြင့်သောလှိုင်းလုံးစီးပြီး အမေရိကန်နိုင်ငံသားကမ္ဘာ့စံချိန်တင်
Posted by naykhayan on Wednesday, May 23, 2012

ပြီးခဲ့သည့်နှစ်နိုဝင်ဘာလက ပေါ်တူဂီနိုင်ငံတွင် ၇၈ ပေအမြင့်ရှိလှိုင်းလုံးစီးနိုင်ခဲ့သော အမေရိကန်နိုင်ငံသားဂါရက်မက်နာမာရာကို အမြင့်ဆုံးလှိုင်းလုံးစီးနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းပြုစုရေးအဖွဲ့က
မေလ ၁၀ ရက်နေ့တွင်အတည်ပြုပေးခဲ့ကြောင်း သိရသည်။
အသက် ၄၄ နှစ်အရွယ်ရှိမက်နာမာရာသည် ယခင်စံချိန်ရှင်မိုက်ခ်ပါဆန်ထက် တစ်ပေမျှအသာဖြင့် စံချိန်ကိုလွှဲယူနိုင်ခဲ့ခြင်းဖြစ်သည်။ Billabong XXL Global Big Wave Awards ဆုချီးမြှင့်ပွဲအခမ်းအနားတွင်
ကျွမ်းကျင်သူများကအတည်ပြုစစ်ဆေးကာ ဆုချီးမြှင့်ပေးခဲ့ပြီး၊ တစ်ပတ်အကြာတွင် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းပြုစုရေးအဖွဲ့ကပါ စံချိန်မှတ်တမ်းကိုအတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပေါ်တူဂီအစိုးရက မက်နာမာရာကို နိုင်ငံတွင်းရှိနာဇာရီမြို့သို့လာရောက်ကာ လှိုင်းစီးပြိုင်ပွဲကြီးကျင်းပနိုင်သောအခြေအနေ ရှိ၊ မရှိလေ့လာပေးရန် ဖိတ်ကြားခဲ့ရာမှ
ယင်းသို့စံချိန်တင်ဖြစ်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့လုပ်နိုင်ခဲ့တာက အံ့အားသင့်စရာပါ။ ကမ္ဘာ့စံချိန်ဆိုတာက သိပ်အရေးမကြီးပါဘူး။ ဒါက နာဇာရီမြို့နဲ့ ပေါ်တူဂီအတွက်၊ ကျွန်တော့်မိသားစုနဲ့ အဲဒီကမိတ်ဆွေတွေအတွက်ပဲ အရေးကြီးတာပါ'' ဟု
မက်နာမာရာကပြောကြားခဲ့သည်။
သမုဒ္ဒရာလှိုင်းပုတ်ရာ နာဇာရီမြို့ရှိကမ်းပါးတစ်ခုအနီးတွင် ပေ ၁၀၀၀ မျှနက်သော ရေအောက်ချောက်ကြီးရှိသောကြောင့် လှိုင်းလုံးကြီးများဖြစ်ပေါ်ခြင်းဖြစ်သည်ဟု သိရသည်။
Ref: Daily Mail
@ EMG
