ကမ္ဘာ့အကြီးဆုံး ပုရွက်ဆိတ်မြို့တော်

ဘရားဇီးနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံ ပုရွက်ဆိတ်မြို့တော် တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်း မြေပုံသည် ပုရွက်ဆိတ်ကဲ့သို အကောင်သေးများအတွက် အင်ပါယာတစ်ခုနီးပါး ကြီးမားပြီး ယခုအခါ ထိုပုရွက်ဆိတ်များ နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ ယင်
းမြို့တော်အား တည်ထောင်ပြီး အဘယ်ကြောင့် ဆက်လက်မကျက်စားတော့သည်ကိုမှု မသိရသေးချေ။

ယင်းမြို့၏ တည်ဆောက်ပုံသည် ခိုင်ခိုင်မာမာရှိကာ၊ စနစ်တကျဖြစ်နေသည်ကို တွေ့ရသည်။ ဥပမာ- လမ်းပမ်းဆက်သွယ်ရေးအတွက် အနီးဆုံးလမ်းဖောက်ထားခြင်း၊ တစ်နေရာနှင့် တစ်နေရာ အချိတ်အဆက် ကောင်းခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် လေဝင်လေထွက် ကောင်းမွန်ရန် Ventilation system မျာ စနစ်တကျ ရှိနေသည် ကိုလည်းတွေ့ရသည်။

ထို့ကြောင့် လေ့လာသူ သုတေသီများ အံ့သြောမင်သက်ခဲ့ရပြီး ပုရွက်ဆိတ်တို့၏ ဥာဏ်ပညာကြီးမားမှုကို မယုံနိုင်စရာ ဖြစ်ခဲ့ရသည်။ မြေနေရာအနေအထားမှန်ကန်ပြီး ခိုင်ခိုင်မာမာရှိကာ ယင်းမြို့ကိုတည်ဆောက်ရန် မြေ တန် ၄၀ ခန့်အသုံးပြုထားသည်။ အပေါ်ပိုင်း လေဝင်လေထွက်နှင့် အဝင်အထွက် ဂိတ်စနစ်အတွက် ၁၀ တန်အသုံးပြုထားပြီး အတွင်းတွင် တန် ၃၀ ကျော် အသုံးပြု ထားသည်။

ထို့ကြောင့် လေ့လာတွေ့ရှိထားသမျှ ဘရာဇီးနိုင်ငံရှိ ယင်းပုရွက်ဆိတ် တွင်း (မြို့တော်)ကို ကမ္ဘာ့အကြီးဆုံး ပုရွက်ဆိတ်မြို့တော်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။


Ref:news.cn
      နေခရမ်း
...............................................................................................................................................................
 

ကမ္ဘာ့အရှည်လျားဆုံးရထားလမ်း

တရုတ်တို့ ရထားလမ်း အိပ်မက် အကောင်ထည်ဖော်နိုင်ခဲ့ပြီ

တရုတ်ပြည့်သူ့သမ္မတနိုင်ငံဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ကတည်း က ရည်မှန်းထားတဲ့ ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ပြည်ဟာရထားလမ်းအရှည်လျားဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ဖြစ်နေပါပြီ။

၁၈၇၆ခုနှစ်က တရုတ်နိုင်ငံမှ ပထမဆုံး ရထားလမ်းကို အဂ်လိပ်ကုန သည်တွေက ဖောက်လုပ်ပေးခဲ့ပါတယ်။ စတင်ဖောက်လုပတုန်းက ၁၅ကီလိုမီတာသာ ရှည်လျားပါတယ်။စ်နှစ်ပြီးတစ်နှစ်ကြိုးပမ်းလာ ရာက ၁၉၄၉ ခုနှစ်မှာ ကီလိုမီတာ ၂၁၈၀၀ အထိရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့အတွက် ရထားလမ်းရဲ့ကီလိုမီတာ တစ်ထောင်ကျော်မျှ သာ အသုံးပြုခွင့်ရှိခဲ့ပါတယ်။

အခုချိန်မှာတော့ တရုတ်ပြည်တွင်းရှိ ပြည်နယ်ဒေသတိုင်းကို ရထားလမ်းနဲ့ချိတ်ဆက်ပေးနိုင်ခဲ့ပါပြီ။ တောင်ကုန်းထူထပ်တဲ့ တရုတ်နိုင်ငံမှာ အခုလို ရထားလမ်းကို နိုင်ငံအနှံ့တည်ဆောက်ဖို့ ဆိုတာမလွယ်ကူလှ ပါဘူး။ အခုတော့ တရုတ်တို့လုပ်ဆောင်နိုင်ခဲ့ပါ ပြီ။

အခုဆို ဒေသတွင်းပို့ဆောင်ရေးအတွက် ရထားလမ်းဟာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ နည်းပညာအဆင့်မြင့်ပြီး၊ လုံခြုံစိတ်ချရတဲ့ ရထားလမ်းများကို ပိုင်ဆိုင်ထားနိုင်တဲ့ တရုတ်နိုင်ငံ ရဲ့ ဖွံ့ဖြိုးမှုဟာ အင်မတန်ပဲ လေးစားစရာကောင်းလှပါတယ်။

            နေခရမ်း
..................................................................................................................................................
 
ကမ္ဘာ့အသေးဆုံးခွေး
အမေရိကန်နိုင်ငံ ဖလောရီဒါပြည်နယ်ရှိ ကမ္ဘာ့အသေးဆုံးခွေး

အမြီးမှ နှာခေါင်းထိပ်အထိ ၆ လက်မသာရှည်သော ခွေးဖြစ်သည်။


Ref:news.cn
      နေခရမ်း..