ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်
June 4, 2012
တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City)
တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။
တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ဖြစ်တယ်။
ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။
အာဖဂန်နစ္စတန် ဘာမီရန် တောင်ကြားက အကြီးဆုံးရုပ်ပွါးတော်တွေထက် ၁၈မီတာ ပိုရှည်လို့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်အဖြစ်မှတ်တမ်းဝ
ဦးခေါင်းထက် ရစ်ခွေပြီးပုံဖော်ထားတဲ့ ဆံကျစ်တော် ပေါင်း ၁၀၂၁ ရှိကာ
အမြင့် ၇၁ မီတာ။
ပခုံးအကျယ် ၂၈ မီတာ။
မျက်နှာတော် အရှည် ၁၄.၇ မီတာ နဲ့ မျက်နှာပြင်အကျယ် ၁၀ မီတာ။
နားရွက်တော် ၈.၅ မီတာအရှည်။
မျက်လုံးတော် ဘေးအကျယ်၃.၃ မီတာ။
လက်ခလယ် တစ်ချောင်းတည်းရဲ့ အရှည်ဟာ ၈.၃ မီတာ။
ခြေဖဝါးတော် ၁၁ မီတာ ရှည်ပြီး ဘေးအကျယ် ၈.၅ မီတာ။
တရုတ်နိုင်ငံ " တန် " မင်းဆက်လက်ထက်၊ အေဒီ ၇၁၃ မှာစတင် ထွင်းထုပြီး နှစ်ပေါင်း ၉၀ အကြာ အေဒီ ၈၀၃ မှာအပြီးသတ်တယ်။ ခေတ်အဆက်ဆက် မင်း နဲ့လူတွေ ထိမ်းသိမ်းလာခဲ့ တာ နှစ်ပေါင်း ၁၂၀၀ ကျော်လာပါပြီ။
လီရှန်မြစ်ဘေး သစ်တောထဲမှာရှိတဲ့ အချို့ သစ်ပင်တွေ ဟာလည်းဘဲ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ အပင်တွေ ဖြစ်တဲ့အတွက် ၁၉၉၆ ခုနှစ်မှာ ယူနစ်စကို အဖွဲ့ကြီးရဲ့ " ကမ္ဘာ့ ယဉ်ကျေးမှု နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ " ဆိုက်တစ်ခုအဖြစ် စာရင်းသွင်းခဲ့တယ်။
facebook မှာဖတ်ရတာကို ပြန်လည်တင်ပြတာပါ...........နေခရမ်း

Posted by naykhayan.

